пятница, 31 января 2014 г.
воскресенье, 26 января 2014 г.
ရုရှား ဓလေ့ရိုးရာမင်္ဂလာဆောင်ပွဲ
အခုခေတ်မှာ ရုရှားနိုင်ငံမှာ ယူရမဲ့ မိန်းမ / ယောက်ျားကို ကိုယ့်ဘာသာ
ရှာကြပါတယ်။ အဆင်ပြေမဲ့ လူကို ရှာတွေ့ရင် ယောက်ျားလေးက မိန်းကလေးကို
လက်စွပ်လက်ဆောင်လေး ပေးပြီး လက်ထပ်ဖို့ သဘောတူလားလို့ မေးရတယ်။
သဘောတူတယ်ဆိုရင် မင်္ဂလာဆောင်ပွဲကို
စီစဉ်ပါတော့တယ်။ တချို့က မိဘတွေနဲ့ မတွေ့ဖြစ်သေးရင် မိတ်ဆက်ပေးကြပါတယ်။
ပြီးတော့ တရားရုံးကို လျှောက်ထားပါတယ်။ မြန်မာပြည်မှာ ဘယ်လိုလဲ မသိဘူး။
ရုရှားမှာ လျှောက်ထားပြီးတော့ အနည်းဆုံး ၁လ စောင့်ဖို့ လိုပါတယ်။
လက်ထပ်မဲ့ရက်ကို သတ်မှတ်ပြီး လိုအပ်တဲ့ပစ္စည်းတွေ ဝယ်တယ်။ ကား၊
စားသောက်ဆိုင် ငှားတယ်။ ဧည့်သည်တွေကို ဖိတ်တယ်။
လက်ထပ်မဲ့ရက် မတိုင်ခင် သတို့သမီးက မိန်းကလေးသူငယ်ချင်းတွေနဲ့ အချင်းချင်း၊ သတို့သားက ယောက်ျားလေးသူငယ်ချင်းတွေနဲ့ အချင်းချင်း နှုတ်ဆက်ပွဲ ၂ ပွဲ လုပ်ကြပါတယ်။
မင်္ဂလာဆောင်ပွဲမှာ ကူညီပေးရမဲ့ သတို့သမီးသူငယ်ချင်း တယောက်နဲ့ သတို့သားသူငယ်ချင်းတယောက်ကို ရွေးပါတယ်။
လက်ထပ်တဲ့ရက် မနက်မှာ သတို့သားက သူ့သူငယ်ချင်းတွေနဲ့ သတို့သမီးအိမ်ကို ရောက်ပါတယ်။ အိမ်ရှေ့မှာ သူတို့ကို သတို့သမီးသူငယ်ချင်းတွေ စောင့်နေကြပါတယ်။ သတို့သမီးဆီ မရောက်အောင် လမ်းပိတ်ပြီး မေးခွန်းတွေ မေးကြပါတယ်။ အဖြေမှန်မှ သတို့သမီးဆီ ရောက်နိုင်ပါတယ်။ အဖြေမမှန်ရင် ပိုက်ဆံ တောင်းပါတယ်။ game တခုလိုပါပဲ။ အိမ်ရှေ့မှာရယ် လှေခါးထစ်တိုင်းမှာရယ် ပြိုင်ပွဲ တခု မေးခွန်း တခု။ ဥပမာ သတို့သမီး အကြိုက်ဆုံး အရောင်၊ သတို့သမီးအမေရဲ့ မွေးနေ့၊ သတို့သမီးနဲ့ တွေ့တာ ဘယ်လောက်ကြာပြီလဲ ဘယ်တုန်းက စတွေ့တာလဲ လို့ အဲလိုမျိုး သူတို့အချစ်ဇတ်လမ်းနဲ့ ဆိုင်တဲ့မေးခွန်းတွေ မေးတတ်ကြပါတယ်။ သတို့သမီးသူငယ်ချင်းတွေ ကျေနပ်ပြီဆိုမှ သတို့သမီးနဲ့ တွေ့ခွင့်ရပါတယ်။ ပြီးတော့ အားလုံး အတူတူ ဓါတ်ပုံတွေ ရိုက်ပြီး တရားရုံးကို သွားကြပါတယ်။ တရားရုံးမှာ အဓိက မင်္ဂလာဆောင်အခမ်းအနား ဖြစ်ပါတယ်။ ဧည့်သည်တွေရှေ့မှာ သတို့သားနဲ့ သတို့သမီးတို့က မတ်တပ်ရပ်ပြီး ဒီအမျိုးသမီးကို ယူဖို့ သဘောတူလားလို့ ဒီအမျိုးသားကို ယူဖို့ သဘောတူလားလို့ ဆိုတဲ့ တရားရုံးအရာရှိရဲ့ မေးခွန်ကို ဖြေပြီး လက်မှတ်ထိုးပါတယ်။ ပြီးတော့ အရင်က ရွေးထားတဲ့ သူငယ်ချင်း၂ယောက်ကလည်း သက်သေအဖြစ် လက်မှတ်ထိုးပါတယ်။

အခမ်းအနားပြီးတော့ မိဘတွေကစပြီး ဧည့်သည်တွေ တစ်ယောက်ချင်းစီ ပန်းတွေနဲ့
ဆုတောင်းပေးကြပါတယ်။ နောက် တရားရုံးရှေ့မှာ အားလုံးစုပြီး အမှတ်တရ
ဓါတ်ပုံရိုက်ကြပါတယ်။ တချို့က ပန်းခြံတွေမှာ ဒါမှ မဟုတ်ရင်
မြို့ရဲ့အလှအပနေရာတွေကို သွားပြီး ဓါတ်ပုံတွေ အဝရိုက်ကြပါတယ်။ ညနေပိုင်း
ရောက်တော့ သတို့သား၊ သတို့သမီးနဲ့ သူတို့ သူငယ်ချင်း၂ယောက်၊
ဓါတ်ပုံ/ဗွီဒီယိုဆရာတို့က ကားတစီးနဲ့၊ တခြားဧည့်သည်တွေ နောက်တစီးနဲ့
စားသောက်ဆိုင်ကို သွားပါတယ်။ စားသောက်ဆိုင်မှာ သတို့သား၊ သတို့သမီးနဲ့
သူတို့သူငယ်ချင်းနှစ်ယောက်က အလှဆုံး စားပွဲ သီးသန့် ရှိပါတယ်။ အားလုံး
ပျော်ပျော်ရွှင်ရွှင် စားကြရင်းနဲ့ သီချင်းတွေဆိုကြတယ်။ ကကြတယ်။
ဆုတောင်းပေးကြပါတယ်။ လက်ဆောင်တွေ ပေးကြပါတယ်။ သတို့သားနဲ့ သတို့သမီးကို
горько လို့ အော်ပြီးတော့ နမ်းပြခိုင်းပါတယ်။ ဧည့်သည်တွေ မပျင်းအောင်
သူတို့အတွက် ပြိုင်ပွဲ အမျိုးမျိုး ရှိပါတယ်။ နောက်ဆုံးမှာ သတို့သမီးက
ပန်းစည်းကို ပစ်လိုက်ပြီး မိန်းကလေးတွေ ဝိုင်းဖမ်းကြပါတယ်။ ဖမ်းတဲ့လူကလည်း
မကြာခင်မှာ လက်ထပ်မယ်ဆိုတဲ့ ယုံကြည်မှု တွေနဲ့ပေါ့။
(င) ဝသုန်မိုး https://www.facebook.com/wathonemoe.ru
суббота, 25 января 2014 г.
ကျွန်မဇာတိမြို့ (Saint-Petersburg) ကို တည်ဆောက်ခဲ့တဲ့ ရုရှားဧကရာဇ် Peter the Great (1672-1725) အကြောင်း နည်းနည်း ပြောပြချင်ပါတယ်...
Peter မတိုင်မှီခေတ်က ရုရှားနိုင်ငံဟာ မတိုးတက်တဲ့ ခေတ်မမှီတဲ့ နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ပင်လယ်နဲ့နီးတဲ့ ဒေသ မပိုင်ခဲ့လို့ သူများနိုင်ငံတွေနဲ့ ကုန်သွယ်ဖို့ အခက်အခဲ ဖြစ်ခဲ့ပါတယ်။ Peter ဘုရင် စဖြစ်တုန်းက ဥရောပကို ရောက်ဖူးခဲ့ပြီး ဥရောပနိုင်ငံတွေကို အရမ်းအားကျသွားပါတယ်။ ရုရှားနိုင်ငံကိုလည်း ဥရောပအတိုင်း ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရုရှားမှာ ပညာရေးအဆင့် တော်တော် နိမ့်နေခဲ့ပါတယ်။ ပညာတတ်တဲ့သူတွေ မရှိသလောက် နည်းပါးခဲ့ပါတယ်။ စာမဖတ်မရေးတတ်ကြဘူး။ အဲဒီတော့ သူက တက္ကသိုလ်နဲ့ ကျောင်းတွေ အမျိုးမျိုး စဖွင့်ပြီး ရုရှားတွေကို ပညာသင်ပေးဖို့ နိုင်ငံခြားက ဆရာတွေနဲ့ ပညာရှင်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ လူငယ်တွေကို နိုင်ငံခြားပညာတော်သင်လွတ်ခဲ့ပါတယ်။ စစ်ပညာနဲ့ စစ်တပ်ကိုလည်း ပြောင်းလဲခဲ့ပါတယ်။ ပြီးတော့ ပင်လယ်နဲ့နီးတဲ့ဒေသကို ပိုင်ဆိုင်ဖို့အတွက် စစ်တိုက်ခဲ့ပါတယ်။ စစ်ပွဲအောင်တော့ ရလာတဲ့မြေပေါ်မှာ ဆိပ်ကမ်းမြို့ တည်ဆောက်ပါတယ်။ အဲဒီဆိပ်ကမ်းမြို့က ရုရှားနိုင်ငံရဲ့ မြို့တော်အသစ် စိန့်ပီတာစဘက် ဖြစ်ခဲ့ပါတယ်။ အရင်မြို့တော် ဖြစ်ခဲ့တဲ့မော်စကိုနဲ့ မတူအောင် စီစဉ်ထားပါတယ်။ အဆောက်အဦးတွေရဲ့ပုံစံ၊ လမ်းတွေ အကုန်လုံး လှပအောင် နာမည်ကြီးတဲ့ နိုင်ငံခြားပညာရှင်တွေကို လုပ်ခိုင်းပါတယ်။ ဘုရင်ကလည်း သာမန်လူတွေနဲ့ အတူ လက်သမားအဖြစ် အလုပ်လုပ်ပါတယ်။ အဲဒီတုန်းက ဘုရင် နေတဲ့အိမ်တောင် နန်းတော် မဟုတ်ခဲ့ပါဘူး။ သာမန်လူ နေတဲ့အိမ်တစ်အိမ်ပါပဲ။ ၁၇၀၃ ခုနှစ်မှာ Peter က ဝန်ကြီးတဦးအိမ်က မိန်းကလေးတယောက်နဲ့ တွေ့မိပါတယ်။ အဲဒီမိန်းကလေးက တောင်သူ သမီးဖြစ်ပြီး စစ်တိုက်တုန်းက အဖမ်းခံရလို့ ဝန်ကြီးအိမ်မှာ အစေခံ အဖြစ် ရောက်နေခဲ့တာပါ။ သူ့ကို စတွေ့တွေ့ချင်း သဘောကျသွားခဲ့ပါတယ်။ ဘုရင် နေမကောင်းတဲ့အခါ သက်သာအောင် သူတယောက်ပဲ ပြုစုတတ်ပါတယ်။ ၈နှစ်ကြာပြီးနောက် ဘုရင်နဲ့ တရားဝင် လက်ထပ်ပါတယ်။ Peter သေဆုံးတဲ့အခါကျတော့ ရုရှားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဧကရာဇ် ဖြစ်လာခဲ့ပါတယ်။
ဒီသမိုင်းကို သဘောကျရင် share လုပ်ပြီး အားပေးကြပါအုံးရှင်

среда, 22 января 2014 г.
ရုရှားဆေးခန်းသွားပြရင် အသုံးဝင်မဲ့ စကားလုံးများ
Тошнит (меня тошнит) = အန်ချင်တယ်
Кружится голова (у меня кружится голова) = ခေါင်းမူးတယ်
Першит в горле = လည်ချောင်းယားတယ်
Заложен нос = နှာခေါင်းပိတ်တယ်
Терять сознание (я потерял сознание) = သတိလစ်တယ်
Кашель сухой = ချောင်းခြောက်
Кашель влажный = သလိပ်ပါတဲ့ချောင်း
Насморк = နှာစေးတယ်
Потеря аппетита (у меня нет аппетита) = စားချင်စိတ်မရှိတာ / ပါးစပ်ပျက်တယ်
Озноб = ချမ်းတုန်ဖျား
Общая слабость = အားနည်းတယ် / နုန်းတယ်
Учащенный пульс = သွေးခုန်နှုန်းမြန်တယ်
Горечь во рту = ပါးစပ်ထဲမှာ ခါးတယ်
Понос = ဝမ်းသွားတယ်
Запор = ဝမ်းချုပ်တယ်
Острая боль = စူးစူးရှရှနာခြင်း
Режущая боль = ဓါးပြတ်သလို နာခြင်း
Колющая боль = ဆူးစူးသလို နာခြင်း
1. Жизнерадостный = ပျော်ပျော်ရွှင်ရွှင် နေတဲ့သူ
жизнь = အသက်၊ ဘဝ၊
радость = ပျော်ရွှင်မှု
2. Дружелюбный = ဖော်ရွေတဲ့သူ
дружба = ခင်မင်ရင်းနှီးမှု
любить = ချစ်သည် ကြိုက်သည်
3. Высокооплачиваемый = လစာ ကောင်းသော
высокий / высоко = မြင့်သည်
оплачивать = ငွေပေးသည် / ငွေရှင်းသည်
4. Малоизученный = သိပ် မလေ့လာရသော
мало = နည်းနည်း
изучать = လေ့လာသည်
5. Водопад = ရေတံခွန်
вода = ရေ
падать = ကျသည်
6. Единодушный = တညီတညွတ်တည်း ဖြစ်သော
единый = စည်းလုံးသော
душа = စိတ်
7. Болеутоляющее = အကိုက်အခဲပျောက်ဆေး
боль = နာကျင်ခြင်း
утолять = ပြေစေသည် / သက်သာစေသည်
8. Гостеприимный = ဧည့်ဝတ်ကျေတဲ့သူ / ပျူငှာတဲ့သူ
гость = ဧည့်သည်
принимать (гостей) = ဧည့်ခံသည်
9. Медсестра = သူနာပြုဆရာမ
медицинский = ဆေးပညာနှင့် ဆိုင်သော
сестра = အစ်မ
10. Полдня = နေ့တစ်ဝက်
половина = တစ်ဝက်
день = ရက်
11. Сумасшедший = အရူး
(С ума сшедший )
ум = ဥာဏ် / ဦးနှောက်
сходить = ဆင်းသည်

пятница, 17 января 2014 г.
တခုလောက်ပြောပြချင်ပါတယ်ရှင်..
အောက်မှာဖော်ပြထားတဲ့ စကားလုံးတွေက အပိုအသုံးနှုန်းတွေပါ။ မပြောရင်ပိုကောင်းသလို ဘာမှလည်းအဓိပ္ပါယ်မရှိပါဘူး။ တခါတလေ ကြောင်အန်းအန်း ဖြစ်နေတဲ့အချိန်တွေမှာ ထည့်ပြောကြတာပါ။ ဒါပေမယ့် နားထောင်တဲ့လူကတော့ အခက်ခဲရှိတယ်။ နားလည်ဖို့လည်း ခက်တယ် ။ ရှုပ်လည်းရှုပ်တယ်။ အဆင်မပြေဘူး။
ဒီလို အသုံးနှုန်းတွေ သုံးပြောရင် ပညာမဲ့ပြီးတော့ မယဉ်ကျေးတဲ့ပုံပေါက်ပါတယ်။
ну
ну это
ну значит это
ну в общем
то есть
как бы
вот
типа
это самое
короче
как его
так сказать

ရုရှားစကားမှာ
ся သို့မဟုတ် сь ဆိုတဲ့ particle ရှိပါတယ်။ သူ့ကို ကြိယာနောက်မှာ
ထည့်ပါတယ်။ အဲဒီ ся ရဲ့ အဓိပ္ပါယ်ကို ရှင်းပြပေးချင်ပါတယ်...
ဟိုးရှေးရှေးတုန်းက ရုရှားစကားမှာ ကတ္တားရည်ညွှန်း နာမ်စားတွေ (меня, тебя, себя)က ပုံစံ ၂ မျိုး ရှိခဲ့ပါတယ်။ အပြည့်စုံ နဲ့ အတို။
အတိုပုံစံက мь, ть, сь ဖြစ်ပါတယ်။ ဘာသာစကား ပြောင်းသွားလို့ နာမ်စားအတိုတွေ ပျောက်သွားပါတယ်။ မသုံးတော့ဘူး။ ဒါပေမဲ့ ရှေးရှေးတုန်းက сь ကို နာမ်စာအဖြစ် ကြိယာနဲ့ အတူ သုံးခဲ့လို့ တဖြည်းဖြည်းနဲ့ ကြိယာနဲ့ ခွဲလို့ မရတော့ဘူး။ တစ်လုံးထဲ ဖြစ်သွားတယ်။
ся/сь ရဲ့ မူရင်းအဓိပ္ပါယ်က себя (ကိုယ်ဘာသာ) ပါပဲ။
когда можно использовать глагол без "ся" , а когда с 'ся' လို့ ကျွန်မကို ခဏခဏ မေးပါတယ်။
ся/сь ရဲ့ မူရင်းအဓိပ္ပါယ်က ကိုယ်ဘာသာ လို့ ဖြစ်ပေမဲ့ တခြား grammatical အဓိပ္ပါယ်လည်း ပါပါတယ်။ ဘာအဓိပ္ပါယ်လဲ ဆိုတော့....
ကြိယာ ၂ မျိုး ရှိပါတယ် - transitive (ကံလို) နဲ့ intransitive (ကံမလို) verb တွေပါ။
transitive verb က object လိုပါတယ်။ ဥပမာ၊ လူက ခွေးကို ရိုက်တယ် (ခွေးကို - object )။
intransitive verb က object မလိုဘူး။ ဥပမာ၊ ကလေး အိပ်နေတယ်။ ဒီဝါကျမှာ object ထည့်လို့ မရဘူး။
ရုရှားစကားမှာ ся ပါတဲ့ ကြိယာက intransitive verb ပဲ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှေးရှေးတုန်းက အဲဒီကြိယာရဲ့ object က ся ဖြစ်ခဲ့ပါတယ်။ object နောက်တခု ထပ်ထည့်လို့ မရဘူး။ နေရာ မလွတ်ဘူး။ အဲဒါကြောင့် အခု ရုရှားစကားမှာ ся က intransitive အဓိပ္ပါယ် ရှိပါတယ်။
Мыть (transitive) - တခုခု ဆေးတယ်။ Мыть руки လက်ဆေးတယ်။
Мыться (intransitive) - (ကိုယ့်ကိုကိုယ် ဆေးတယ်) ရေချိုးတယ်။
ся မပါတဲ့ ကြိယာတွေက intransitive ဖြစ်နိုင်ပါတယ်။ transitive လည်း ဖြစ်နိုင်ပါတယ်။
ဥပမာ၊ Я болею - ငါ ဖျားနေတယ် (intransitive, ся မပါဘူး)
Я читаю книгу - ငါ စာအုပ်ကို ဖတ်နေတယ် (transitive, ся မပါဘူး)
ся ပါတဲ့ ကြိယာတွေက intransitive ပါပဲ။
Как произносится это слово? - ဒီစကားလုံး ဘယ်လိုအသံထွက်လဲ (intransitive, ся ပါတယ်)
ခက်တာက မြန်မာ နဲ့ ရုရှား သဒ္ဒါ မတူလို့ တချို့ရုရှားကြိယာတွေက transitive ဖြစ်ပေမဲ့ မြန်မာလို ပြန်ရင် intransitive ဖြစ်သွားပါမယ်။
ဥပမာ၊ Остановить / остановиться
Человек остановился လူက ရပ်တယ်။
Человека остановили လူကို ရပ်ပေးတယ်။
မြန်မာလိုဆိုရင် verb မကွာဘူး။
အင်္ဂလိပ်လိုဆိုရင်လည်း မကွာဘူး။
He stopped
Somebody stopped him
stop တခုပဲ
ရုရှားလိုကျတော့ остановил / остановился ကွာပါတယ်။

Подписаться на:
Сообщения (Atom)