вторник, 7 января 2014 г.

Русские имена

ရုရှားပြည်မှာ ကျောင်းတက်နေတဲ့ မြန်မာတွေအတွက် တစ်ခု ပြောပြချင်ပါတယ်....
ရုရှားနဲ့ မြန်မာ ယဉ်ကျေးမှု ကွာပါတယ်။ ရုရှားမှာ ဆရာ လို့ ခေါ်တာ လုံးဝ မရှိဘူး။ အစ်ကိုလို့ အစ်မလို့ ခေါ်တာ မရှိဘူး။ လူတွေကို နာမည်နဲ့ပဲ ခေါ်ကြပါတယ်.... ကိုယ့်ကိုကိုယ်လည်း я လို့ပဲ ခေါ်ကြပါတယ်။
ရုရှားတွေ နာမည် ၃ ခု ရှိတယ်။ name / father's name / family name ။
ကျောင်းမှာ ဆရာ့ကို ဆရာလို့ ခေါ်ရင် မယဉ်ကျေးဘူး။ ဆရာ့ကို သူ့ နာမည် ၂ခု (name and father's name) နဲ့ ခေါ်မှ ယဉ်ကျေးပါတယ်... ဥပမာ၊ ဆရာ့နာမည် အပြည့်အစုံ Иванов Борис Глебович ဖြစ်တယ်ဆိုရင် ဆရာ့ကို Борис Глебович လို့ပဲ ခေါ်သင့်ပါတယ်။
name နဲ့ father's name အယဉ်ကျေးဆုံး ခေါ်တာပါ။
name တခုနဲ့ သူငယ်ချင်းတွေ အချင်းချင်း ခေါ်ကြပါတယ်။ ဒါမှ မဟုတ်ရင် အကြီး အငယ်ကို ခေါ်လို့ရပါတယ်။

Комментариев нет:

Отправить комментарий