вторник, 7 января 2014 г.

Christmas in Russia

ရုရှားပြည်မှာ Christmas က ဇန်နဝါရီ ၇ရက်နေ့ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေနဲ့ ဘာကြောင့် မတူဘူးလဲ... Christmas ဆိုတာ ခရစ်တော်ရဲ့မွေးနေ့ ဖြစ်တော့ ရက်စွဲက ဘယ်လို ကွာနိုင်ပါ့မလဲ....

ယေရှုခရစ်တော်ရဲ့ ဒေသနာတော်ကို အဓိပ္ပါယ်ကောက်ယူရာမှာ လူတွေက ဆန့်ကျင်ကြလို့ အဓိက အသင်းတော် ၃ ရပ် ခွဲထွက်ခဲ့ပါတယ်။ အဲဒီအသင်းတော်များက Catholic, Protestant နဲ့ Orthodox ဖြစ်ပါတယ်။
၁၀ ရာစုက ရုရှားပြည်မှာ ဇာဘုရင် Vladimir က Orthodox
ဘာသာကို ရွေးပြီး ရုရှားပြည်သူလူထုအားလုံးကို အဲဒီဘာသာကိုပဲ ကိုးကွယ်ကြစေရန် အမိန့်ထုတ်ပေးခဲ့ပါတယ်။ ၁၉၁၈ခုနှစ်ထိ ဇာဘုရင်က ဘာသာရေးခေါင်းဆောင်လည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၁၇ခုနှစ်က တော်လှန်ရေးကြောင့် ဇာဘုရင်တွေ မရှိတော့ဘူး။ ရုရှားခေါင်းဆောင်အသစ်များက ဘုရားသခင် မရှိဘူးဆိုပြီးတော့ ကိုးကွယ်ခွင့်မပြုဘူး။ ဘုရားကျောင်းတွေ ဖျက်ဆီးပါတယ်။ ဘုန်းကြီးတွေကို ကွပ်မျက်ပါတယ်။
တခြားပြောင်းလဲမှုတခုက အရင်က သုံးတဲ့ ဂျူလီယာန် ပြက္ခဒိန်က အဆင်မပြေတော့လို့ ဂရေဂိုရီယန် ပြက္ခဒိန် စပြီးအသုံးပြုပါတယ်။ ဂျူလီယာန် ပြက္ခဒိန် သိပ်မတိကျဘူး။ ၁၂၈ ခုနှစ် ကြာပြီးရင် ၁ရက် အပိုစုပါတယ်။ အခု ဂျူလီယာန် ပြက္ခဒိန်က ၁၃ရက် နောက်ကျပါတယ်။ တခြားနိုင်ငံတွေမှာလည်း ဂရေဂိုရီယန် ပြက္ခဒိန်ပဲ သုံးနေကြပါတယ်။ ဒါပေမဲ့ ရုရှား ခရစ်ယာန်အသင်းတော်က ဂျူလီယာန် ပြက္ခဒိန် ပိုပြီး ကောင်းတယ်လို့ ဆုံးဖြတ်လို့ အခု ဘာသာရေးဆိုင်ရာ ပွဲတွေကို အရင်အတိုင်းပဲ သတ်မှတ်ထားပါတယ်။ အဲဒါကြောင့် ရုရှားမှာ Christmas က တခြားနိုင်ငံတွေထက် ၁၃ရက် နောက်ကျပါတယ်။

Christmas သာ မဟုတ်ဘူး။ နှစ်သစ်ကူးလည်း အဟောင်းနဲ့ အသစ် ရှိပါတယ် :D

1 комментарий:

  1. အရမ်းနောက်ကျနေပေမဲ့ ပျော်ရွှင်သော ခရစ်မှတ်နေ့ဖြစ်ခဲ့ပါစေ။ အာမင်။ :D

    ОтветитьУдалить