вторник, 7 января 2014 г.

Nenets များ

ရုရှားနိုင်ငံမှာ တိုင်းရင်းသား ၁၈၀ မျိုး နီးပါး ရှိပါတယ်။ တိုင်းရင်းသားတိုင်းမှာ ကိုယ်စီယဉ်ကျေးမှုနဲ့ ကိုယ်စီဓလေ့တွေ ရှိပါတယ်။ စိတ်ဝင်စားစရာ ကောင်းတယ် ထင်လို့ တိုင်းရင်းသားထဲက Nenets တွေအကြောင်း နည်းနည်း ပြောပြချင်ပါတယ်.... Nenets မျိုးနွယ်ဝင်လူဦးရေ ၄၀ ၀၀၀ ကျော် ရှိပါတယ်။ သူတို့တွေဟာ ရုရှားနိုင်ငံရဲ့မြောက်ဘက်မှာ နေပြီး အဓိက အလုပ်အကိုင်ကတော့ သမင်မွေးခြင်း ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲခြင်းအလိုက် သမင်တွေနဲ့ အတူ စားစရာ ရှိတဲ့နေရာကို ပြောင်းရွှေ့နေထိုင်ကြပါတယ်။









 

Комментариев нет:

Отправить комментарий