вторник, 7 января 2014 г.

Space

လွန်ခဲ့တဲ့ ၅၆ နှစ်က ရုရှားနိုင်ငံက ကမ္ဘာ့ ပထမဆုံး လူလုပ်တဲ့ ဂြိုဟ်တု လွှတ်တင်ခဲ့ပါတယ်။ (၄.၁၀.၁၉၅၇)
လွန်ခဲ့တဲ့ ၅၂ နှစ်က အာကာသယာဉ်မှူးအဖြစ် လူ (Yury Gagarin) အာကာသထဲ သွားနိုင်ခဲ့ပါတယ်။ (၁၂.၀၄.၁၉၆၁)
လွန်ခဲ့တဲ့ နှစ် ၅၀က ပထမဆုံး အမျိုးသမီး (Valentina Tereshkova) အာကာသထဲကို သွားခဲ့ပါတယ်။ (၁၆.၀၆.၁၉၆၃)
လွန်ခဲ့တဲ့ ၄၄ နှစ်က Neil Armstrong လကမ္ဘာပေါ်ကို ရောက်ခဲ့ပါတယ်။ (၂၁.၀၆.၁၉၆၉)
လွန်ခဲ့တဲ့ ၃၈ နှစ်က ဂြိုဟ်ပတ်လမ်းမှာ ရုရှားနဲ့ အမေရိကားနှစ်နိုင်ငံရဲ့ အာကာသယာဉ်တွေကို ယာဉ်ချင်းချိတ်ဆက်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်က နိုင်ငံတကာ အာကာသစခန်းကို စတင်လွှတ်တင်ခဲ့ပါတယ်။ (၁၉၉၈)
၁၉၇၀ ခုနှစ်ကစပြီး Venus, Mars, Jupiter, Mercury စသော ဂြိုဟ်တွေကိုလည်း ရောက်ပြီး လေ့လာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၃၆နှစ်က လွှတ်ထားတဲ့ အာကာသယာဉ်က ၂၀၁၃ခုနှစ်မှာ နေစကြဝဠာအပြင်ဘက်ကို ရောက်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာ Mars ဂြိုဟ်ကို လူ လွှတ်ပို့ဖို့ စီစဉ်ထားပါတယ်။

အာကာသထဲမှာ လူ မနေနိုင်ဘူး။ အနီးဆုံး ပတ်လမ်း နေရောင်ရတဲ့နေရာမှာ အပူချိန် + ၁၅၀ ဖြစ်ပြီး နေရောင် မရတဲ့နေရာမှာ - ၁၀၀ ဖြစ်ပါတယ်။
အသက်ရှူနိုင်ဖို့ အောက်ဆီဂျင် မရှိဘူး။ လေထုဖိအား မရှိလို့ လူရဲ့ သွေး ပွက်နေပါလိမ့်မယ်။ ရေဒီယိုဓါတ်ရောင်ခြည်လည်း သင့်ပါလိမ့်မယ်။
ဒါပေမဲ့ အာကာသလိုမျိုး ပြင်းထန်တဲ့ဒေသမှာ နေနိုင်အောင် လုပ်တတ်ပြီး လူသားက အိပ်မက်ကို အမှန်တကယ်ဖြစ်အောင် အကောင်ထည်ဖေါ်နေပါတယ်...
 the International Space Station in real-time
 

Комментариев нет:

Отправить комментарий